သင့်သတင်းစကားများ လုံခြုံစွာရှိပါသည်

ကျွန်ုပ်တို့သည် မိသားစုပိုင်လုပ်ငန်းတစ်ခုအနေဖြင့် ၁၉၁၃ ခုနှစ်မှစ၍ မျိုးရိုးစဉ်ဆက် မြော်မြင်တွေးခေါ်လျက်၊ အစီအစဉ်ချမှတ် ဆောင်ရွက်နေပါသည်။ ကျွန်ုပ်တို့၏ တန်ဖိုးမြှင့်တင် လုပ်ငန်းစဉ် ကွင်းဆက်တစ်ခုလုံးရှိ ဆောင်ရွက်ချက်အားလုံးတွင် „ကုမ္ပဏီက ပြည်သူကို ဝန်ဆောင်မှုပေးရမည်“ ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထား သုံးစွဲခဲ့ပါသည်။ ထို့ကြောင့် DEICHMANN ရှိ ကျွန်ုပ်တို့သည် လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်းများ၊ စီးပွားရေးမိတ်ဖက်များနှင့် အခြားသောအဖွဲ့များက ဖော်ထုတ်တင်ပြလာသည့် စိုးရိမ်ပူပန်မှုများကို လက်ခံယူပြီး၊ နောက်ဆက်တွဲ စုံစမ်းစစ်ဆေး ဆောင်ရွက်မှုပြုရန် ကတိကဝတ်ပြုပါသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အန္တရာယ်များနှင့် အခြားစိုးရိမ်ပူပန်စရာ အဖြစ်အပျက်များတွင် လျင်မြန်ပြီး ယုံကြည်စိတ်ချရသော လုပ်ဆောင်မှုများ လိုအပ်ပါသည်။ သင့်အနေဖြင့် ထိခိုက်မှုရှိပါက သို့မဟုတ် ထိပါးစော်ကားမှုတစ်ရပ်ကို ကြုံတွေ့ရပါက၊ အမှုဖွင့် တိုင်ကြားရန် လွယ်ကူသည့်နည်းလမ်းတစ်ခုကို သင့်အား ကျွန်ုပ်တို့ပေးပါသည်။ တိုင်ကြားချက်အားလုံးကို အမည်မဖော်ဘဲ၊ လျှို့ဝှက်စွာ မှတ်ယူထားရှိပြီး၊ စုံစမ်းစစ်ဆေးမှုများ ပြုမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ အာမခံပါသည်။

သင့်ထံမှ ကျွန်ုပ်တို့ ဘာ လိုအပ်သလဲ။
၁။ အမည် (သင် အမည်မဖော်လိုပါက အမည်မဖော်ဘဲ တင်ပြနိုင်သည်၊ သို့သော် ယင်းက တိုင်ကြားချက်ကို ဆောင်ရွက်ရာတွင် ရှုပ်ထွေးပြီး၊ နှောင့်နှေးစေနိုင်သည်)
၂။ ဆက်သွယ်ရန် အချက်အလက်၊ ဥပမာ – ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ သို့မဟုတ် စာပို့လိပ်စာ
၃။ သင် နေထိုင်သည့် နိုင်ငံနှင့် မြို့၊ သက်ဆိုင်မှု ရှိပါက၊ ထုတ်လုပ်ရေး လုပ်ဆောင်သည့်နေရာ သို့မဟုတ် တည်နေရာကို ရှင်းရှင်းလင်းလင်း ခွဲခြားသိရှိစေနိုင်သည့် အခြား အချက်အလက်များ
၄။ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေး သို့မဟုတ် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတိပေးချက်၏ ရက်စွဲ သို့မဟုတ် အချိန်ကာလ အပါအဝင် အသေးစိတ်ဖော်ပြချက်များ။ ရရှိနိုင်မည်ဆိုလျှင် အထောက်အကူပြုသည့် သက်သေအထောက်အထားများကို လွတ်လပ်စွာ တင်ပြပါ။
၅။ တိုင်ကြားသူဖြစ်စေ၊ သို့မဟုတ် အခြား ထိခိုက်နစ်နာသူများဖြစ်စေ မည်သူ၏သတင်းအချက်အလက်ကိုမဆို အမည်မဖော်ဘဲ ထားရှိပြီး၊ ကာကွယ်ပေးရမည်။

သင့်တိုင်ကြားချက်ကို ဤနေရာတွင် စာဖြင့်ရေး၍ ပေးပို့ပါ။

သင့်တိုင်ကြားချက်ကို မည်သို့ စီမံဆောင်ရွက်သနည်း။
၁။ သတင်းစကား (message) ကို လက်ခံရရှိပြီးနောက် ကျွန်ုပ်တို့အနေဖြင့် တိုင်ကြားချက်ကို လက်ခံရရှိကြောင်း ၂၄ နာရီအတွင်း အသိအမှတ်ပြု အကြောင်းပြန်ကြားပါမည်။
၂။ DEICHMANN လူ့အခွင့်အရေးဆိုင်ရာ အရာရှိက တိုင်ကြားချက်၏ အကြောင်းရင်းကို ဆုံးဖြတ်ပြီးနောက် ယင်း၏လက်ခံခွင့်ပြုနိုင်မှုကို စစ်ဆေးသည်။ တိုင်ကြားချက်သည် လက်ခံခွင့်ပြုနိုင်ဖွယ်ရှိပါက၊ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး၊ စီမံဆောင်ရွက်မှုအတွက် ခန့်မှန်းကြာမြင့်ချိန်ကို တိုင်းကြားသူအား အကြောင်းကြားပါမည်။
၃။ ပိုမိုနက်နဲသော စုံစမ်းစစ်ဆေးမှုတစ်ရပ် လိုအပ်ပါက၊ DEICHMANN သည် အခင်းဖြစ်ပွားရာနေရာတွင် ၎င်း၏ ကိုယ်တိုင်စစ်ဆေးမှုကို ပြုလုပ်မည် သို့မဟုတ် ဝန်ဆောင်မှုပေးသူတစ်ဦးကို တာဝန်ပေးအပ်မည်။ ထိုစစ်ဆေးမှုများအတွက် ကုန်ကျစရိတ်များကို DEICHMANN က ကျခံမည်ဖြစ်သည်။
၄။ နောက်ပိုင်းတွင် တိုင်ကြားချက်ကို အဖွဲ့များအကြား အပြန်အလှန် သဘောတူထားသော ကုစားမှုတစ်ရပ်ဖြင့် ဖြေရှင်းနိုင်သည်။ မည်သည့်သဘောတူညီမှုမျှ ဖြစ်နိုင်ချေ မရှိပါက၊ DEICHMANN က ရှုထောင့်အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစားပြီးနောက် တိုင်ကြားချက်၏ ရလဒ်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
၅။ DEICHMANN Group ၏ ဆောင်ရွက်ချက်များသည် မကျေနပ်ချက်ကို ဖြစ်ပေါ်စေခြင်း သို့မဟုတ် အကြောင်းခံ ပံ့ပိုးပေးခြင်းများ ဖြစ်ခဲ့ပါက၊ ကျွန်ုပ်တို့အနေဖြင့် နစ်နာမှုကို ကုစားရန် သို့မဟုတ် ၎င်း၏သက်ရောက်မှုများကို လျော့ပါးစေရန်နှင့် ဖြစ်နိုင်လျှင် အဖန်တလဲလဲ ပြန်မဖြစ်စေရေး တားဆီးရန်အတွက် လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်ပါမည်။

DEICHMANN Declaration of Principles regarding Respect for Human Rights

Declaration of Principles pdf, 671.4kB

ကျင့်ဝတ်စည်းမျဉ်း

ကျင့်ဝတ်စည်းမျဉ်း pdf, 146.4kB

DEICHMANN Rules of Procedure on the complaints procedure

Rules of Procedure pdf, 340.6kB